ဖယ်ခုံ   ၁၂  မေ


ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ FAW ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်း နည်းပညာနှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး သင်တန်းကို မေ ၁၁ ရက်က မိုးဗြဲဘက်စုံနည်းပညာသုံး စံပြကျေးရွာ ပညာပေးစခန်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို မေ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျေးရွာများမှ စိုက်ပျိုးရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုသည့် တောင်သူများအား စိုက်ပျိုးနည်းပညာများ၊ ပိုးမွှားကာကွယ်နှိမ်နှင်းရေး နည်းပညာများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊  FAW ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်း နည်းပညာနှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဆွေးနွေးပို့ချ သင်ကြားသွားမည် ဖြစ်သည်။


အခမ်းအနားတွင် စိုက်ပျိုးရေးပညာရှင်များနှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက မိုးဗြဲဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၏ ခဲဝကုမ္ပဏီနှင့်ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာလိုအပ်ချက်များကို အကြံပြု လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်မန်နေဂျာ ဦးကျော်မြင့်ဇော်၊ ပြည်နယ် သီးနှံကာကွယ်ရေးဌာနမှ ဒေါ်သင်းသင်းလဲ့၊ ဖယ်ခုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာများမှ စိုက်ပျိုးရေး သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကိုထွေး(ဖယ်ခုံ)