မကွေး  ၁၁  အောက်တိုဘာ

မကွေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်းတွင်  သီတင်းကျွတ်ရုံးပိတ်ရက်များ အတွင်း ဌာနေပြန်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် ခရီးသွားပြည်သူများဖြင့် ယနေ့ အောက်တိုဘာ ၁၁ ရက်၊ နံနက်က စည်ကားလျက်ရှိသည်။

 

a

 

အဝေးပြေးယာဉ်ရပ်နားစခန်းတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊သီတင်းကျွတ် ပိတ်ရက်များအတွင်း ဌာနေပြန်ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၊ ခရီးသွားပြည်သူ များဖြင့် စည်ကားလျက်ရှိရာ  မော်တော်ယာဉ်လက်မှတ်များ ကြိုတင်ဝယ်ယူမှုများအပြင် လာရောက် တိုက်ရိုက် ဝယ်ယူစီးနင်းလိုက်ပါသူများလည်း များပြားကြောင်း  သိရသည်။

“ဒီနေ့ဆိုရင်  ခရီးသည်တွေ အရမ်းများတာတွေ့ရတယ်ဗျ၊ ကျွန်တော်တို့လည်း ခရီးသည် တွေ ပို့ဆောင်ပေးရတာများတော့ အဆင်ပြေပါတယ်၊ တစ်ချို့လည်း လာကြိုသူတွေလည်းရှိတာပေါ့၊ အခုပိတ်ရက်တွေအတွင်း ပုံမှန်ရက်တွေထက် ခရီးသွားပိုများပါတယ်လို့  ” မော်တော်ဆိုင်ကယ် တက္ကစီမောင်းသူ တစ်ဉီး၏ ပြောကြားချက်အရ သိရသည်။

ဝေဖြိုးလေး(ပြန်/ဆက်)