မကွေး ၁၁ အောက်တိုဘာ
မကွေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်းတွင် သီတင်းကျွတ်ရုံးပိတ်ရက်များ အတွင်း ဌာနေပြန်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် ခရီးသွားပြည်သူများဖြင့် ယနေ့ အောက်တိုဘာ ၁၁ ရက်၊ နံနက်က စည်ကားလျက်ရှိသည်။
အဝေးပြေးယာဉ်ရပ်နားစခန်းတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊သီတင်းကျွတ် ပိတ်ရက်များအတွင်း ဌာနေပြန်ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၊ ခရီးသွားပြည်သူ များဖြင့် စည်ကားလျက်ရှိရာ မော်တော်ယာဉ်လက်မှတ်များ ကြိုတင်ဝယ်ယူမှုများအပြင် လာရောက် တိုက်ရိုက် ဝယ်ယူစီးနင်းလိုက်ပါသူများလည်း များပြားကြောင်း သိရသည်။
“ဒီနေ့ဆိုရင် ခရီးသည်တွေ အရမ်းများတာတွေ့ရတယ်ဗျ၊ ကျွန်တော်တို့လည်း ခရီးသည် တွေ ပို့ဆောင်ပေးရတာများတော့ အဆင်ပြေပါတယ်၊ တစ်ချို့လည်း လာကြိုသူတွေလည်းရှိတာပေါ့၊ အခုပိတ်ရက်တွေအတွင်း ပုံမှန်ရက်တွေထက် ခရီးသွားပိုများပါတယ်လို့ ” မော်တော်ဆိုင်ကယ် တက္ကစီမောင်းသူ တစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
ဝေဖြိုးလေး(ပြန်/ဆက်)


