နေပြည်တော်၊ အောက်တိုဘာ ၂၆ 

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် သီတင်းကျွတ်ပိတ်ရက် ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် နေပြည်တော် - ရန်ကုန် - နေပြည်တော်၊ ရန်ကုန် - မော်လမြိုင် - ရန်ကုန်၊ ရန်ကုန် - ပြည် - ရန်ကုန်၊ ရန်ကုန် - ပုဂံ - ရန်ကုန် ခရီးစဉ်များကို ဖော်ပြပါ နေ့ရက်/ အချိန်များ အတိုင်း အစုန်/အဆန် အထူးရထားများပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

 

အထက်ပါ ခရီးစဉ်များအတွက် အထက်တန်း လက်မှတ်အား (၃)ရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား (၁) ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ရထားစီး ခရီးသွားမိဘပြည်သူများ၊ ဝန်ထမ်းများနှင့်မိသားစုများအနေဖြင့် ကြိုတင်ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

 

သတင်းစဉ်