ပိုင်ကျုံ ဇန်နဝါရီ ၁၂

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ) အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဇန်နဝါရီ ၁၁ ရက်က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဒေါ်လန်းကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား (၁၆)ဦးအား တစ်ဦးလျှင် ကျပ် ၃၀၀၀ဝ နှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ ၄၈၀၀၀ဝ တိတိကို သက်ဆိုင်ရာ ကျေးရွာမှ တာဝန်ရှိသူများက လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

 

ပိုင်ကျုံမြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး (၁၂၆)ဦး၊ အဘွား (၂၁၅)ဦး၊ စုစုပေါင်း (၃၄၁)ဦးရှိပြီး လက်ဝယ်အရောက် ရရှိရေးအတွက် ကျေးရွာရှိ တာဝန်ရှိသူများက လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပိုင်ကျုံ (ပြန်/ဆက်)