ပိုင်ကျုံ ၂၇  ဩဂုတ် 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အာဟာရပြည့်၀သည့် အစားအစာများ ချက်ပြုတ်သရုပ်ပြပွဲနှင့် စံပြမိခင် (နို့တိုက်/ကိုယ်၀န်ဆောင်) ရွေးချယ်ပွဲ အခမ်းအနားကျင်းကို ယမန်နေ့က ကျင်းပသည်။

 

ရှေးဦးစွာ ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်‌အောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နန်းသီသီအေးက အာဟာရပြည့်၀သည့် အစားအစာများအကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်၀သော အစားအစာ ရရှိစေရန် သရုပ်ပြချက်ပြုတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စံပြနို့တိုက်မိခင်အကြောင်းနှင့် စံပြကိုယ်၀န်ဆောင် မိခင်များအကြောင်းကို သက်ဆိုင်ရာ ကျန်းမာရေးဆရာမများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် စံပြမိခင် (နို့တိုက်/ကိုယ်၀န်ဆောင်) များအား ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)