ပိုင်ကျုံ  ၂၁  ဩဂုတ် 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယ‌မန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး များက ပူးပေါင်း၍ လိုက်လံထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်နှင့် အလုပ်အကိုင် အခက်အခဲများဖြစ်ခဲ့မှုအပေါ် ယခုလို ငွေကြေးထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ပိုင်ကျုံမြို့အတွင်းရှိ နောင်ဘိုကြီးကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၄၂) စုအတွက် ထောက်ပံ့ငွေ ၈၄၀၀၀၀ ကျပ်၊ ရွာကိုင်းကောင်း ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၆၂) စုအတွက် ထောက်ပံ့ငွေ  ၁၂၄၀၀၀၀ ကျပ်နှင့် ၀င်းဖရကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၂၆) စုအတွက် ထောက်ပံ့ငွေ  ၅၂၀၀၀၀ ကျပ် စုစုပေါင်းငွေကျပ် ၂၆၀၀၀၀၀ ကျပ်ကို ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)