ပိုင်ကျုံ ဧပြီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံး၌ ၆၆/၁၁ကေဗွီ ဓာတ်အားခွဲရုံမှ ဝန်ထမ်းများ စိတ်အေးချမ်းသာအဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံးတည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အဆောက်အဦသည် အလျားပေ(၆၀)၊ အနံပေ(၅၀) ရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၀၆.၄၆၅၀၀)သန်းဖြင့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၈၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ တည်ဆောက်ခြင်းလုပ်ငန်းအား သက်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် တာဝန်ခံအင်ဂျင်နီယာ ဦးကိုကိုအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၆၆/၁၁ကေဗွီ ဓာတ်အားခွဲရုံမှ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးပြီးစီးပါက ပိုင်ကျုံမြို့ရှိ လျှပ်စစ်ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မည့်အပြင် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)