ပိုင်ကျုံ   ဇန်နဝါရီ   ၁၈

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့ရှိ သံဃာတော်များ၊ အသက် ၁၈ နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့ဝင်များကို  ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ပထမအသုတ် ၇၂၉ ဦး၊ ဒုတိယအသုတ် ၃၇၀၅ ဦး၊ တတိယအသုတ် ၂၆၈၀ ဦး၊ စတုတ္ထအသုတ်တွင် ၂၀၀၅ ဦး၊ ပဉ္စမအသုတ်တွင် ၁၃၂၅ ဦးနှင့် ဆဋ္ဌမအသုတ်တွင် ၅၈၁ ဦးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၁၀၂၅ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးမထိုးရသေးသည့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)