ပိုင်ကျုံ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ မိဘပြည်သူများသည် အများအားဖြင့် မိမိတို့လယ်ယာမြေများ၌ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြလျက်ရှိရာ ယခုနှစ် စပါးများစိုက်ပျိုးရိတ်သိမ်းပြီး လယ်ယာမြေများတွင် ဆောင်းမြေပဲများ စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
မြေပဲသီးနှံသည် တစ်ဧကလျှင် ဆီထွက်ရှိမှု ပိဿာ(၁၀၀)နှင့်အထက် ရရှိနိုင်သည့် ဆီထွက်သီးနှံဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် အလွန်အရေးပါသော သီးနှံတစ်ခုဖြစ်သည်။ ပိုင်ကျုံမြို့တွင် စပါးသီးထပ်အဖြစ် ဆောင်းမြေပဲကို ဒီဇင်ဘာလ တတိယအပတ်တွင် စတင်စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် တစ်ဧကချင်းမရောဘဲ စနစ်တကျစိုက်ပျိုးထားကြသည်။ မြေပဲတစ်ဧကလျှင် နွားချေး(၅-၁၀)စီးခန့် ချထားပြီး ကျောက်မှုန့်မြေဩဇာကို မြေခံတွင် ထည့်သွင်းထားကြသည်။ ပိုင်ကျုံဒေသထွက် မြေပဲများကိုတစ်ပြည် (၁၂၀၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ အကယ်၍ မရောင်းရပါကလည်း ဆီကြိတ်၍ ကိုယ်တိုင်စားသုံးခြင်း၊ အိမ်ဆိုင်များသို့ တင်ပို့ခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ လယ်ယာမြေများတွင် မြေပဲသာမက အခြားသော သီးနှံများ၊ ဟင်းသီးဟင်းရွက်များကိုလည်း စဉ်ဆက်မပြတ် စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)


