ရန်ကုန် ၈ ဇူလိုင်
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းမှ စီစဉ်သော ပြဇာတ်နှင့်သရုပ်ဆောင်ခြင်းအနုပညာဟောပြောပွဲကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲကို ဇူလိုင်လ ၁၂ ရက်(သောကြာ)နေ့တွင် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ ကျင်း ပမည်ဖြစ်ပြီး အကယ်ဒမီငြိမ်းမင်း (ဇာတ်ညွှန်း)နှင့် လူရွှင်တော်အရိုင်းတို့က အနုပညာပျိုးခင်းသစ် အစပျိုးခြင်းအဖြစ် ဟောပြောမည်ဖြစ်ကြောင်း သိရသည်။ ဟောပြောပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက် ရောက်နိုင်ကြောင်း သိရသည်။
ဖူးဖူး၊ ဓာတ်ပုံ - ထိန်လင်း


