ပခုက္ကူ ဇူလိုင်  ၂၆

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းကို ဇူလိုင်လ ၂၆ရက် နံနက် ၉နာရီခွဲအချိန်က အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချသည်။

 

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ဌာန၏ လိုအပ်ချက်အရ အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းသစ်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဝန်ထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရန်၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ပြည်သူလူထုများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ ပြည်သူလူထုအကျိုး စီးပွားဖြစ်စေမည့် အသိပညာပေးခြင်းလုပ်ငန်းများ လက်တွေ့ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေအကြောင်းကို အွန်လိုင်းစနစ်ဖြင့် ဆက်လက်သင်ကြားပို့ချသည်။

 

အဆိုပါသင်တန်းကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ၂၆ရက်မှ၂၉ရက်နေ့အထိ သင်တန်းကာလသုံးရက်ဖြစ်ပြီး အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းသစ်(၄)ဦးတို့အား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေကြောင်း၊ ဝန်ကြီးဌာနအကြောင်း၊ ရုံးလုပ်ငန်းစီမံခန့်ခွဲ ရေးနည်းပညာ၊ ပြည်သူ့ဆက်ဆံရေးနည်းပညာ၊ စာကြည့်တိုက်လုပ်ငန်း၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု စသည့် ဘာသာရပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်အတွင်းရှိ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်ဦးစီးမှူးများက အွန်လိုင်းစနစ် အသုံးပြု၍ စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်းဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)