ပခုက္ကူ၊ ၃၀ မေ

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက်  နာရီခွဲက ပခုက္ကူမြို့၊ ..က(အားကစားရုံခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် ပညာရေးမှူး ဦးမောင်မောင်လွန်းက ခရိုင်နှင့် မြို့နယ်အတွင်းရှိ ကျောင်းအပ်နှံမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများအား တာဝန်ရှိသူများက ပေးအပ်ကြရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။

 

ပခုက္ကူမြို့နယ်တွင် မေ ၂၄ ရက်မှ ၂၉ ရက်အထိ အခြေခံပညာ ကျောင်းများတွင် လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ ၃၉၀၀ ဦးကျော်ရှိကြောင်း သိရသည်။

 

ဘာမီသာ(မဟာဝိဇ္ဇာ)