ပခုက္ကူ၊ ၃၀ မေ
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက် ၈ နာရီခွဲက ပခုက္ကူမြို့၊ အ.ထ.က(၁) အားကစားရုံခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် ပညာရေးမှူး ဦးမောင်မောင်လွန်းက ခရိုင်နှင့် မြို့နယ်အတွင်းရှိ ကျောင်းအပ်နှံမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများအား တာဝန်ရှိသူများက ပေးအပ်ကြရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။
ပခုက္ကူမြို့နယ်တွင် မေ ၂၄ ရက်မှ ၂၉ ရက်အထိ အခြေခံပညာ ကျောင်းများတွင် လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ ၃၉၀၀ ဦးကျော်ရှိကြောင်း သိရသည်။
ဘာမီသာ(မဟာဝိဇ္ဇာ)
![]() |





