ပခုက္ကူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင် နှစ်ခုဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက် ခင်း ၈၀၂ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့နယ်တွင် ယခုနှစ် မိုးရာသီ ဆင်းသုခစပါးမျိုးစေ့ထုတ်စိုက်ခင်း ၁၂၂၂ ဧက စိုက်ပျိုးထားရာ လက်ရှိအချိန်ထိ ကြီးရွာလျှပ်စစ်မြစ်ရေတင်မှ စိုက်ခင်း ၅၃၅ ဧက၊ ရွှေတန့်တစ်လျှပ်စစ်မြစ်ရေတင်မှ စိုက်ခင်း ၂၆၇ ဧက စုစုပေါင်း ဆင်းသုခ မိုးစပါးစိုက်ခင်း ၈၀၂ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးဆင်းသုခ (R.S) မျိုးစပါးနှင့် စိုက်ပျိုးရေးဆိုင်ရာ သွင်းအာစုများ ကူညီထောက်ပံ့ခြင်းလုပ်ငန်းများ ပြုလုပ်သည့်အပြင် စိုက်ပျိုးရာသီကာလအတွင်း စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးနှင့် အရည်အသွေး မှန်ကန်ကောင်းမွန်သည့် စပါးမျိုးများ ထွက်ရှိစေရေး တို့အတွက် ခရိုင်မျိုးစေ့လုပ်ငန်းအဖွဲ့က လက်တွေ့ကွင်းသရုပ်ပြခြင်းနှင့် အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းလွင်ထံမှ သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)