ပခုက္ကူ ဧပြီ ၁၂
ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ဧပြီ ၁၂ရက် နံနက်၆နာရီခန့်က ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ပခုက္ကူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုလျော့နည်းလာသည်နှင့်အညီ ဆက်လက်ထိန်းချုပ်နိုင်ရေး စည်းကမ်းလိုက်နာ ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက်၁၈နှစ်ပြည့်ပြီး ပြည်သူများအား ရပ်ကွက်နှင့် ကျေးရွာများအလိုက် ဆေးထိုးအဖွဲ့များက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ဧပြီ၅ရက်မှစ၍ ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေးလျက်ရှိရာ ပခုက္ကူမြို့ အမှတ်၁၅ရပ်ကွက်၊ အမှတ်၆ရပ်ကွက်၊ အမှတ်၁၁ရပ်ကွက်၊ အမှတ်၃ရပ်ကွက်၊ အမှတ်၆ရပ်ကွက်၊ အမှတ်၁၄ရပ်ကွက်နှင့် အမှတ်၁၃ရပ်ကွက်တို့ရှိ တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသူ တစ်သောင်းခန့်ကို ထိုးနှံပေးခဲ့ကြောင်း၊ ဧပြီ ၁၂ ရက် နံက်ပိုင်းတွင် ကျွဲတဲအုပ်စုအတွင်း ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဇော်(ဓာတု)