ပခုက္ကူ ၁၄ မေ
ပခုက္ကူမြို့နယ် ကွန်းရွာအုပ်စု ကျေးရွာ ၇ ရွာတွင် မေလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀၃)လုံးနှင့် စာသင်ကျောင်း(၁)ကျောင်းအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ ကွန်းရွာအုပ်စုအတွင်းရှိ ဆင်မင်း၊ ကွန်းရွာ၊ ရေလယ်သောင်၊ မြင်းကျွန်း၊ လေးလံကျွန်း၊ ချောက်ဦးသား၊ ကျွန်းပုလု ကျေးရွာများတွင် လူနေအိမ်(၁၀၃)လုံးနှင့် စာသင်ကျောင်း(၁)ကျောင်းပျက်စီးထိ ခိုက်မှုရှိကြောင်း ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN
