ပခုက္ကူ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ပခုက္ကူတက္ကသိုလ် ကျောင်းဝင်းအတွင်း လူဦးရေ ၁၆၀ ဆံ့ ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင် (RC)တစ်လုံး အဆောက်အအုံ တည်ဆောက်မှုလုပ်ငန်း ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ပခုက္ကူတက္ကသိုလ်ကျောင်းဝင်းအတွင်း လူဦးရေ ၁၆၀ ဆံ့ ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင် (RC) အဆောက်အအုံကို တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ ၁၆ဝ ဆံ့ ကျောင်းသားအိပ်ဆောင်မှာ အလျား ၂၁၂ ပေ၊ အနံ ၁၂၃ ပေ၊ အမြင့် ၂၆ ပေ ကျယ်ဝန်းသည့် နှစ်ထပ် အဆောက်အအုံဖြစ်ပြီး အောက်ထပ်တွင်အခန်း ၄၀၊ အပေါ်ထပ်တွင် ၄၂ ခန်းစီဖြင့် အလျား ၁၂ ပေ၊ အနံ ၁၀ ပေနှင့် အမြင့် ၁၂ ပေရှိသည့် အခန်းပေါင်း ၈၂ ခန်း ပါဝင်ကြောင်း၊ ထမင်းစားဆောင်မှာ အလျား ၁၂ ပေ၊ အနံ ၄၈ ပေ၊ အမြင့် ၁၅ ပေ အကျယ်အဝန်းရှိကြောင်း၊ ရေလောင်းအိမ်သာ အပါအဝင် ရေမီးအစုံအလင် တည်ဆောက်ပြီးစီးကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)