ပခုက္ကူ ၂၇ ဩဂုတ်  

 

 

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် သြဂုတ်၂၆ ရက်‌ နေ့လယ် ၁ နာရီခွဲတွင် စိုးရိမ်‌ရေအမှတ်‌ ရောက်ရှိခဲ့ပြီး သြဂုတ် ၂၇ ရက်တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလျက်ကြောင်း သိရသည်။

 

 

ယနေ့နံနက် ၆ နာခွဲအချိန် တိုင်းထွာချက်အရ ၂၁၅၄ စင်တီမီတာ ၇၀ ဒသမ ၆ ပေ သို့ ကျော်လွန် ရောက်ရှိခဲ့ကြောင်း သိရသည်။ ပခုက္ကူမြို့၏ စိုးရိမ်ရေအမှတ်မှာ ၂၁၅၀ စင်တီမီတာ ၇၀ ဒသမ ၅ ပေ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ပခုက္ကူခရိုင်ရုံးမှ သိရသည်။

 

 

မြေနိမ့်ပိုင်း မြစ်ရေဝင်ရောက်လျှက်ရှိသော ကျေးရွာများမှ လူ၊ တိရစ္ဆာန်များ ဘေးလွတ်ရာ ကုန်းမြင့်များသို့ ရွှေ့ပြောင်းနေထိုင်ရပြီး ညောင်ပင်အုပ်စု ဥယျာဉ်ရွာအနီးတွင် ယာယီ မြစ်ရေ‌ဘေးရှောင် စခန်းကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဦးစီးဌာန က ဖွင့်လှစ်ထား‌ကြောင်း သိရသည်။

 

           

ကိုတမာ(ပြန်/ဆက်)