ပလောက် ၇ ဇူလိုင်

 


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။

 


အဆိုပါ ဖြန့်ဝေပေးရာတွင် ပလောက်မြို့ အမှတ်(၁)ရပ်ကွက် သားဖွားဆရာမ ဒေါ်သန်းဌေးနှင့်အဖွဲ့သည် စည်ပင်သာယာဈေးကြီးနှင့် အခြားလူစည်ကားရာ နေရာများတွင် ရာသီတုပ်ကွေး၏ ရောဂါလက္ခဏာများ၊ ကာကွယ်နည်းများနှင့် နှာခေါင်းစည်း စနစ်တကျအသုံးပြုပုံ၊ လက်ကိုစနစ်တကျ ဆေးကြောနည်းများ စသည့်အချက်လက်များ ပါဝင်သော အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 


နိုင်ဦး(ပလောက် ပြန်/ဆက်)
 

 

dfwe