ပလက်ဝ  ၂၂  စက်တင်ဘာ

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ်အစိုးရ အဖွဲ့နှင့် အလှူရှင်များမှ ထောက်ပံ့ပေးအပ်သည့် စက်ဘီးအစီး(၆၀)အား စက်တင်ဘာ(၂၁)ရက်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမို ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးသို့ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါစက်ဘီးများကို စက်တင်ဘာလ(၅)ရက်နေ့က ပလက်ဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများကို ကူညီထောက်ပံ့မှုများပြုလုပ်ရန် ရောက်ရှိနေသော ချင်းပြည်နယ်အစိုးရအဖွဲ့  စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် အဖွဲ့က  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမို ခန်းမ၌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပေးအပ်လှူဒါန်းသည့် စက်ဘီးအစီး(၆၀)သည် ချင်းပြည်နယ်အစိုးရ အဖွဲ့နှင့်Robust Gold Construction Co.ltd. တို့မှ လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတစ်ဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးသို့ ဝန်ထမ်းဦးရေ အလိုက်ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းတပ်ပြန်ဆက်