ဟားခါး ၂၅ ဇူလိုင်
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တိုက်ပွဲရှောင်နှင့် ရေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရုန်းမိသားစု ကုမ္ပဏီလီမီတက်မှ လှူဒါန်းငွေ ကျပ်သိန်း(၅၀) ပေးအပ်ရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


