နေပြည်တော် ၂၄ ဩဂုတ်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၂ ခုနှစ် (၂၀၂၀ ပြည့်နှစ်)၊ ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းကို ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း (၁၀) ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် (၂၈) ရက်၊ သောကြာနေ့တွင်လည်းကောင်း၊ ဓမ္မာစရိယ စာမေးပွဲ အောင်စာရင်းကို ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း (၁၂)ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် (၃၀)ရက်၊ တနင်္ဂနွေနေ့တွင် လည်းကောင်း၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ Website www.maha na.org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora .gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)


