ပန်ဆောင်  ၂၆  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ နန်းယွန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးသတ်ရန်ကျန်ရှိသည့် ပန်ဆောင်မြို့ မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပန်ဆောင်မြို့ အောက်ရပ်ကွက်(နီဟိ)လမ်း (အရှည် ၃၀၀  ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မ) ကွန်ကရစ်ခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ်သိန်း (၃၀၀)ဖြင့် တင်ဒါအောင် ရွှေပြည့်ဖြိုး(နာဂ)ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် ပန်ဆောင်မြို့ အရည်အသွေးစစ်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျာယော်(ပြန်/ဆက်)