ပင်လောင်း ၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလုပ်ရှားမှုစီမံချက်ကို လူစည်ကားရာနေရာ များဖြစ်သည့် ပင်လောင်းမြို့မဈေးနှင့် ပျံကျဈေးတို့တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေး လူထုလုပ်ရှားမှုစီမံချက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာမှ ဝန်ထမ်းများ ပူးပေါင်း၍ မြို့မဈေးအတွင်းနှင့် ပျံကျဈေးတို့တွင် ဈေးရောင်းသူများအနေဖြင့် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာများ(Face Shield) မဖြစ်မနေ တပ်ဆင်ရောင်းချ စေရေး၊ ဈေးဝယ်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင်၍ လာရောက်ဝယ်ယူစေရေး အသိပညာပေး လုပ်ငန်းများကို လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမင်းပိုင်(ပင်လောင်း)


