ပင်လောင်း ဧပြီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၁၅ ရွာမှာ တင်းတက်(တ)၊ လွယ်ပြား၊ နောင်ဝိုး၊ ပင်ကျိုင်၊ ဖျူးရှား၊ မြောက်စလုံး၊ တောင်လေး(မ)၊ သပြေကုန်း၊ တောင်ဇာ၊ ပက်ကော်ကြီး၊ လက်ပံပင်၊ ကောင်မှီးပေါ်၊ နန်းတုတ်၊ ဗန်းမောက်၊ လွယ်ဖွီး ကျေးရွာများဖြစ်ပြီး သောက်သုံးရေရရှိရေးလုပ်ငန်း ၆ခု၊ ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်း ၅ခု၊ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ၄ခု တို့ကို ၂၀၂၁- ၂၀၂၂ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၅၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ်သန်း ၈၀ ဒသမ ၅၀၊ စုစုပေါင်းငွေကျပ်၂၃၀ ဒသမ ၅၀သန်းဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ်ဇန်နဝါရီလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၀သန်းနှင့် ကျေးရွာ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့်  နှစ်စဉ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် သောက်သုံးရေရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ ကျေးရွာခန်းမတည်ဆောက်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းကပြောပြ၍ သိရသည်။

ငြိမ်းသူ