ပင်လောင်း ၂၅ ဩဂုတ်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်း ယဉ်ကျေးမှုဖြစ်ပေါ်စေပြီး ဈေးသွားဈေးလာ ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်ခြင်း အလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် Mask များဖြန့်ဝေပေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့မရဲစခန်းရှေ့ မင်းလမ်းပေါ်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mask များဖြန့်ဝေရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့(ခွဲ)၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဈေးသွားဈေးလာ ၊ လူထူထပ်သည့်နေရာများတွင် Mask ယူဆောင်အသုံးပြု တပ်ဆင်ခြင်းအလေ့အထ ရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများမှ Mask တပ်ဆင်ခြင်းမရှိသူများအား Mask များဝယ်ယူ တပ်ဆင်စေခြင်းဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး၊ လမ်းဦးစီးဌာနမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)


