ပင်လည်ဘူး    ၂   စက်တင်ဘာ  


 
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ယင်းသာကျေးရွာ အထက်ပြစ်ဆိုင်ကျေးရွာနှင့် သရက်ကန် ကျေးရွာတို့တွင် စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းအချို့တို့တွင် ဂုတ်ကျိုးရောဂါပိုးများ ကျရောက်မှု များရှိရာ စက်တင်ဘာ ၁ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးနန်းဝင်း၊ ဦးမျိုးအောင်နှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါကျေးရွာများတွင် ဂုတ်ကျိုးရောဂါပိုးကျရောက်မှု အခြေအနေများနှင့် ပတ်သက်၍ တောင်သူများ အား အချိန်မီပိုးသတ်ဆေးဖျန်း ဆောင်ရွက်နိုင်ရေး၊ ပိုးကျရောက်မှုရောဂါနှင့် ဆေးအမျိုးအစားခွဲခြားပြီး  ဆေးဖျန်းခြင်း မှန်ကန်မှုရှိစေရေး၊ ရောဂါပိုးကျ ရောက်မှုမရှိသေးသည့် စပါးခင်းများကိုလည်း ရောဂါပိုး ကျရောက်မှုမရှိအောင် ကြိုတင်ကာကွယ် ဆေးဖျန်းခြင်းများ ဆောင်ရွက်နိုင်ရေး၊ ဓာတ်မြေဩဇာသုံးစွဲမှု အချိုးကျမှုရှိစေရေး၊ အခြားရောဂါပိုးများလည်း ကျရောက်မှုမရှိအောင် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင် ရေးတို့ကို အသိပညာပေးဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)