သံဖြူဇရပ်    ဇူလိုင် 

 

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်ငါးဖမ်းရေယာဉ်လုပ်သား (ပဲ့နင်း)များအား လုပ်ငန်းခွင်ကျန်မာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အမှတ်စဉ်(/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် နာရီက သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ သီရိဇေယျာခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ် စိုက်ပျိုရေးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန် ရှောင်ရန်များကို သင်တန်းဆရာများက ပို့ချပေးမှာဖြစ်သောကြောင့် သင်တန်းသားများအတွက် များစွာအကျိုးရှိမည့် သင်တန်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းကို ဇူလိုင် ၁ရက်မှ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၄၀)ဦးအား ရေနေ နို့တိုက်သတ္တာဝါ ထိန်းသိမ်းရေး၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး၊ ပင်လယ်ငါးလုပ်ငန်း ဥပဒေဆိုင်ရာ သိကောင်းစရာ၊ ရှေးဦးသူနာပြုစုနည်း၊ ရေယာဉ်စောင့်ကြည့်ထိန်ချုပ်ရေးစနစ်(VMS) မီးဘေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှုနှင့် မှုခင်းကျဆင်းရေး၊ ကျားဖောင်လုပ်ငန်း စည်းကမ်းချက်များကို သင်တန်းဆရာများက ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

မွန်ပြည်နယ် ပင်လယ်ပြင်ငါးဖမ်းကွက် (၁၄)ကွက်တွင် ရေလုပ်သားများအား  ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တရားဝင် လိုင်စင်ထုတ်ပေးပြီး ကမ်းဝေးငါးဖမ်းရေယာဉ် (၃၂၀)စီး ကမ်းဝေးရေလုပ်သား (၄၀၈၂)ဦး ကမ်းနီးရေယာဉ် (၁၂၄၄)စီး ကမ်းနီးရေလုပ်သား (၂၅၈၂)ဦး စုစုပေါင်း ရေလုပ်သား (၆၆၆၄)ဦး မှတ်ပုံတင်ထားရှိပြီဖြစ်ကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

အလားတူ အဆိုပါသင်တန်းများကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ကျိုက္ခမီ၊ ရေးနှင့် သထုံမြို့တို့၌ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

မုဒုံမောင်မောင်