၂၀၂၂ခုနှစ်၊အောက်တိုဘာ (၁၁)ရက် နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်

 

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေသည်။

 

ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုး

ကြီးနိုင်သည်။ အမြင်တာ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်ရှိနိုင်သည်။ ရေပြင်လေသည် အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်  မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်သည်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ငါးပေမှ ခုနစ်ပေခန့် ရှိနိုင်သည်။

 

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်  မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်သည်။  လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ငါးပေမှ ခုနစ်ပေခန့် ရှိနိုင်သည်။

 

Credit> မိုးဇလ