၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်၊ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သ ခန့်မှန်းချက် အနေဖြင့် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီ ပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် ရှိနိုင်သည်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်မှာ (၄)ပေမှ (၇)ပေခန့်ရှိနိုင်သည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄) နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ အမြင်တာမှာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင် ရှိနိုင်သည်။ လှိုင်းအခြေအနေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၄)ပေမှ (၇)ပေခန့်ရှိနိုင်သည်။
Credit> မိုးဇလ