၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်

 

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်းခန့်မှန်းချက် အနေဖြင့် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာမှာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် တောင်(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် ခန့်တိုက်ခတ်နိုင်သည်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၄) ပေမှ (၇) ပေခန့် ရှိနိုင်သည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်းခန့်မှန်းချက် အနေဖြင့်  နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ အမြင်တာမှာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် ခန့်တိုက်ခတ်နိုင်သည်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ  (၄)ပေမှ (၇)ပေခန့် ရှိနိုင်သည်။

 

Credit> မိုးဇလ