(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ(၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၇)ပေမှ (၁၀)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၄)ပေမှ (၆)ပေခန့်။
Credit - မိုး/ဇလ