၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်၊ နံနက် ၁၀:၃၀ နာရီ ထုတ်ပြန်ချက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေ၀သ ခန့်မှန်းချက်အနေဖြင့် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာသည် (၄) မိုင်၊ မိုးရွာစဉ် (၁) မိုင်ခန့်ရှိမည်။ ရေပြင်လေသည် မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် ခန့်ရှိမည်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၆) ပေမှ (၈)ပေခန့် ရှိနိုင်သည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင် ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ အမြင်တာ သည်(၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်ရှိမည်။ ရေပြင်လေသည် မြောက်(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်ခန့်ရှိမည်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၆)ပေမှ (၈)ပေခန့်ရှိနိုင်သည်။
Credit> မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန