၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၂၇)ရက် ၊ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။
ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်အနေဖြင့် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာမှာ လေးမိုင်၊ မိုးရွာစဉ် တစ်မိုင်ခန့်ရှိမည်။ ရေပြင်လေသည် မြောက် (သို့) အနောက်မြောက်၊ တစ်နာရီ ပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်ရှိမည်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ လေးပေမှ ခုနစ်ပေခန့် ရှိမည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ အမြင်တာမှာ လေးမိုင်၊ မိုးရွာစဉ် တစ်မိုင်ခန့်ရှိမည်။ ရေပြင်လေသည် မြောက်(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင်ရှိမည်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ လေးပေမှ ခုနစ်ပေခန့် ရှိမည်။
Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန