နေပြည်တော်   ၅  နိုဝင်ဘာ

ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး)နှင့် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက် ထွက်ပေါက်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် Campana Mythic Co.,Ltd သည် မြန်မာ-စင်္ကာပူအပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်သွယ်တန်းခြင်းလုပ်ငန်းကို MV.Majestic Seven (Call Sign: XYGK), Asean Protector (Call Sign: 9VYR5) Royal Nadi သင်္ဘော (၃)စင်းတို့ဖြင့်  Position A တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၃၁ မိနစ် ၁၁၉ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၀  မိနစ် ၀၀၅ စက္ကန့်၊ Position B တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၃၁ မိနစ် ၄၆၅ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၂  မိနစ် ၁၉၂ စက္ကန့်၊ Position C တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၂၈ မိနစ် ၂၄၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၂  မိနစ် ၃၃၇ စက္ကန့်၊ Position D တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၂၉ မိနစ် ၃၃၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၄  မိနစ် ၂၄၀ စက္ကန့်၊ Position E တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၂၅ မိနစ် ၇၁၆ စက္ကန့် ၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၂၃  မိနစ် ၂၂၉ စက္ကန့်၊  Position F တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၂၅ မိနစ် ၈၅၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၅  မိနစ် ၄၂၃ စက္ကန့်၊ Position G တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၂၁ မိနစ် ၇၂၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၂  မိနစ် ၄၃၅ စက္ကန့်၊ Position H တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၂၂ မိနစ် ၃၀၄ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၄  မိနစ် ၅၇၅ စက္ကန့်၊ Position I တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၁၉ မိနစ် ၉၆၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၈  မိနစ် ၃၄၀ စက္ကန့်၊ Position J တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၂၂ မိနစ် ၀၆၇ စက္ကန့် ၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၂၈  မိနစ် ၆၀၉ စက္ကန့်၊ Position K တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၁၆ မိနစ် ၇၁၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၇  မိနစ် ၃၃၀ စက္ကန့်၊ Position L တွင် မြောက်လတ္တီတွဒ် ၁၆  ဒီဂရီ ၁၆ မိနစ် ၈၉၃ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၉  မိနစ် ၅၈၅ စက္ကန့်၊ Position M တွင် မြောက်လတ္တီတွဒ် ၁၅  ဒီဂရီ ၅၂ မိနစ် ၁၂၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၆  မိနစ် ၅၇၈ စက္ကန့်၊ Position N တွင် မြောက်လတ္တီတွဒ် ၁၅  ဒီဂရီ ၅၁ မိနစ် ၆၈၆ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၈  မိနစ် ၇၂၆ စက္ကန့် တွင် (၂၀.၁၁.၂၀၂၀) မှ (၂၉.၁၂.၂၀၂၀) အထိလည်းကောင်း၊ RV.Garda (Call Sign: YCYR2),C.S NIWA (Call Sign: A6E 2964)၊ သင်္ဘော(၂)စင်းဖြင့် Position M တွင် မြောက်လတ္တီတွဒ် ၁၅  ဒီဂရီ ၅၂ မိနစ် ၁၂၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၆  မိနစ် ၅၇၈ စက္ကန့်၊ Position N တွင် မြောက်လတ္တီတွဒ် ၁၅  ဒီဂရီ ၅၁ မိနစ် ၆၈၆ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၈  မိနစ် ၇၂၆ စက္ကန့်၊ Position O တွင် မြောက်လတ္တီတွဒ် ၁၃  ဒီဂရီ ၁၄ မိနစ် ၇၃၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၁  မိနစ် ၄၄၆ စက္ကန့်၊ Position P တွင် မြောက်လတ္တီတွဒ် ၁၃  ဒီဂရီ ၁၄ မိနစ် ၂၀၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၃ မိနစ်   ၆၀၁ စက္ကန့်၊ Position Q တွင် မြောက်လတ္တီတွဒ် ၉  ဒီဂရီ ၃၈ မိနစ် ၈၂၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၀၃  မိနစ် ၆၀၁ စက္ကန့်၊  Position R တွင် မြောက်လတ္တီတွဒ် ၉  ဒီဂရီ ၃၈ မိနစ် ၉၄၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၂  မိနစ် ၈၉၇ စက္ကန့်တွင် (၂၄-၁၁-၂၀၂၀) မှ (၂၈-၂-၂၀၂၁) အထိ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ (၂၀-၁၁-၂၀၂၀) မှ (၂၈-၂-၂၀၂၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်း ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ ၄ ကီလိုမီတာ ပတ်လည် အတွင်း  သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်အတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရေကြောင်းသတိပေးချက် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

(သတင်းစဉ်)