ပွင့်ဖြူ ၁၄ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့နှင့် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်သွားလာသောလမ်းပေါ်ရှိ ရေကျော်ချောင်း အရှည်ပေ ၄၀ အား ပွင့်ဖြူမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉ - ၂၀၂၀ Main Budget ဖြင့် အကျယ်ပေ ၂၀ ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား  အကောင်အထည်ဖော် တည်ဆောက် လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန် နှင့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေ ရန် ရည်ရွယ်၍ ပွင့်ဖြူမြို့နှင့် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်သွားလာသော လမ်းပေါ်ရှိ ရေကျော်ချောင်း အရှည်ပေ ၄၀ အား ယခုနှစ်တွင် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ၂၀၁၉ - ၂၀၂၀ Main Budget ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၀၀ ဖြင့် အကျယ်ပေ ၂၀ ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလဆန်း ပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ တံတားတည်ဆောက်ရေးလုပ်ငန်းလုပ်ငန်းမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ခင်မင်ချစ် ထံမှ သိရသည်။

 

ပွင့်ဖြူ - ညောင်ပင်ရွာကျေးရွာ ဆက်သွယ်သွားလာသော လမ်းပေါ်ရှိ ရေကျော်ချောင်းအား ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်နေမှုလုပ်ငန်းအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn