ပွင့်ဖြူ ၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဇူလိုင် ၁ ရက် ညနေ ၄ နာရီက ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းသို့ သွားရောက်ပြီး Grade – 10 သင်ရိုးသစ် ဆင့်ပွားသင်တန်း တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန်အတွက် ကိုယ်လက်လှုပ်ရှား အားကစား Myanmar Fitness Dance အက သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုယ်လက်လှုပ်ရှား အားကစား Myanmar Fitness Dance အက သင်ကြားပြသပေးရာတွင် ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်၏ ဦးဆောင်မှု၊ ဝန်ထမ်းများအဖွဲ့က ပညာရေးဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုဖြင့် Grade – 10 သင်ရိုးသစ် ဆင့်ပွားသင်တန်း တက်ရောက်နေသည့် ဆရာ၊ ဆရာမ (၂၉)ဦးအား ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သွေးပူလေ့ကျင့်ခန်းအတွဲ (၁၊ ၂) နှင့် Myanmar Fitness Dance အက တို့ကို စနစ်တကျ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Myanmar Fitness Dance အက သင်ကြားပြသပေးခြင်းကို ယနေ့မှစပြီး Grade – 10 သင်ရိုးသစ် ဆင့်ပွားသင်တန်း ပြီးစီးသည်အထိ နေ့စဉ် ညနေ ၄ နာရီတွင် စနစ်တကျ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


