ပွင့်ဖြူ ၂၆ ဩဂုတ်      

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ပေါ်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိနှင့် အလှကုန်ပစ္စည်းများ ရောင်းချရာ၌ သုံးစွဲသူပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်တံဆိပ်များ ဖော်ပြပါရှိခြင်း ရှိ/မရှိ ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စားသုံးရေးရာဦးစီးဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ အလှကုန်ပစ္စည်းများ ရောင်းချရာတွင် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ်အချက်အလက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ စစ်ဆေးခဲ့သိရသည်။

 

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ရောင်းချရာတွင် သင့်တင့်သော ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် ပညာပေးဆွေးနွေးခြင်း၊ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းချက်များအတိုင်း ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဉပဒေပါ ပုဒ်မ()အရ အရေးယူခံရမည်ဖြစ်ကြောင်း ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)