ပွင့်ဖြူ   ၂၀   မေ

 

တိရစ္ဆာန်အာဟာရဗေဒ သင်တန်းအမှတ်စဉ် (၄/၂၀၁၉) သင်တန်းဆင်းပွဲကို မေ ၁၉ ရက်က  ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

w

 

သင်တန်းဆင်းပွဲတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် တိရစ္ဆာန်အာဟာရဗေဒ နည်းပညာများကို အသုံးချ၍ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားကာ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ 

 

dihf

 

အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ သင်တန်းသား ၂၀ တက်ရောက် ခဲ့ပြီး သင်တန်းအား မေ ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

 


ရဲဝင်းနိုင် (ညောင်ဦး)