ပွင့်ဖြူ ၃၀ သြဂုတ်
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထား ပြုနေရသည့် ကြီးအုံကြီးဝတမံတွင် ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ၃ ဒသမ ၁ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ထိခိုက်မှုကင်းဝေးစေရန်အတွက် ကြီးအုံကြီးဝတမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအား နေ့စဉ် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အသိပေးနှိုးဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့ နံနက်ပိုင်းက ကြီးအုံကြီးဝတမံရေပိုလွှဲမှ ၃ ဒသမ ၁ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် သြဂုတ် ၁၇ ရက်နေ့က ၅ ပေ နဲ့ ၈ လက်မ ရေကျော် ကျခဲ့ပြီး ယခုလက်ရှိတွင် တမံရေပိုလွှဲမှ ၃ ဒသမ ၁ ပေ ခန့်သာ ရေကျော်ကျမှုရှိ၍ တဖြည်းဖြည်း ရေကျော်ကျမှု လျော့နည်းလာခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


