ပွင့်ဖြူ   ၁   ဒီဇင်ဘာ      

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးပြုစု စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ကုသဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် ယခင်မူလရှိ ဆေးရုံဟောင်းအဆောက်အဦအား အသစ်ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုကို  ယနေ့နံနက် ၉ နာရီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစ်ဆေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေကျပ် သိန်းပေါင်း ၆၃၀၀ ဖြင့် မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေသည့် အလျား  ၁၄၁ ပေ၊ အနံ ၁၁၀ ပေ ၆ လက်မ၊ အမြင့် ၁၃ ပေ အာရ်စီတစ်ထပ် အသစ်ပြန်လည် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးတင်ဝေက ကုန်းဇောင်းတိုက်နယ်ဆေးရုံသည် ရေဝပ်ဧရိယာတွင် ပါဝင်သည့်အတွက် မိုးရာသီကာလ ရေဝပ်မှုများ ကင်းဝေးစေရန် (Print Level) အမြင့် ၅ ပေ ထည့်သွင်း၍ တည်ဆောက်ထားရှိမှုနှင့် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက တင်ဒါပါစည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီခြင်း ရှိ/ မရှိ တိုင်းတာစစ်ဆေးခဲ့ ကြသည်။ 

 

အဆိုပါ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံ အသစ်ပြန်လည်တည်ဆောက်ခြင် းလုပ်ငန်းကို မကွေး အောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီလဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများကို အဆင်ပြေစွာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။  

ရဲဝင်းနိုင်(ညောင်ဦး)