ပွင့်ဖြူ ဇန်နဝါရီ ၁

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ သုံးလလျှင်တစ်ကြိမ် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်ကစတင်ပြီး ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ငွေ အကျိုးခံစားခွင့်ရှိသည့် အသက် (၈၅)နှစ်အထက် အဘိုးအဘွားဦးရေ စုစုပေါင်း ၁၀၆၆ ဦးရှိကြောင်း သိရကာ ယင်းနေ့ နံနက်ပိုင်းက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း ဦးဆောင်သော ဝန်ထမ်းများနှင့် ပူးပေါင်း၍ မိမိတို့နယ်မြေအလိုက် အဘိုးအဘွားများ၏ နေအိမ်သို့ သွားရောက်ပြီး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့မှုအနေဖြင့် အဘိုးအဘွားဦးရေ ၁၀၆၆ ဦးအတွက်  တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံငွေကျပ် ၃၁၉၈၀၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)