ပွင့်ဖြူ ဒီဇင်ဘာ ၂၆

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမြေပဲကို သတ်မှတ်ဧက အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်၊ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နဲ့ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံဧက နှစ်သောင်းကျော် လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါတယ်။ ဆီထွက်သီးနှံများတွင် ဆောင်းမြေပဲစိုက်ပျိုးမှုအနေနဲ့ ၂၉၃၀ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာမှာ ယနေ့အထိ ၂၉၃၈ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဆောင်းမြေပဲစိုက်ပျိုးခြင်းနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူတွေ အခက်အခဲ မဖြစ်စေဖို့အတွက် တောင်သူအသိပညာပေး လုပ်ငန်းများကို နယ်မြေအလိုက် တာဝန်ခံ ကွင်းဝန်ထမ်းတွေက လယ်ယာမြေစိုက်ခင်းများအရောက် ကွင်းဆင်းပြီးတော့ ကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလတွင် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဈေးကောင်းရရှိသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် စိုက်ပျိုးသမျှ သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)