ပွင့်ဖြူ    ၂၆   ဩဂုတ်  

  

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်တွင် ဩဂုတ် ၂၄ ရက်ကစ၍ ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီး ကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက် ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာနှင့် မြစ်ကမ်းဘေးတစ်လျှောက် မြေနိမ့်ပိုင်းကျေးရွာများတွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်း ကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုလို မြစ်ရေတက်ချိန်များတွင် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် မြစ်ရေများဝင်ရောက်လေ့ရှိရာ ယနေ့(ဩဂုတ် ၂၆ ရက်)တွင်  ဒုတိယအကြိမ် မြစ်ရေမြင့်တက် လာမှုကြောင့် မြစ်ရေဝင်ရောက်လျက်ရှိသော ကျေးရွာများရှိ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာနှင့် မြစ်ကမ်းဘေးတစ်လျှောက် မြေနိမ့်ပိုင်းကျေးရွာများတွင် ဒေသခံပြည်သူများမှာ မိမိတို့မွေးမြူ ထားရှိသော ကျွဲနွားတိရစ္ဆာန်များကို ရေမဝင်ရောက်သည့် ကုန်းမြင့်ရှိရာသို့ ယာယီပြောင်းရွှေ့လျက် ရှိကြောင်းနှင့် အဆိုပါ မြစ်ရေဝင်ရောက်မှုမှာ ပုံမှန်အတိုင်း တိုးလာခြင်းဖြစ်၍ လူနေအိမ်ပြောင်းရွှေ့ ရခြင်းမျိုး မရှိသေးကြောင်း နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူ ကိုမိုးနန်းဝေက ပြောသည်။

 

ရဲဝင်းနိုင်(ညောင်ဦး )