ပွင့်ဖြူ ၂၃ မေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မေ ၂၂ ရက် ညနေပိုင်းက လေပြင်းများတိုက်ခတ်မှုများကြောင့် ကျေးရွာအုပ်စု ၇ အုပ်စုတွင် လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ မဒဲကျေးရွာအုပ်စု၊ မုန်းဇလဲကျေးရွာအုပ်စု၊ ရေပုတ်ကလေး ကျေးရွာအုပ်စု၊ ကုလားဟောင်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာအုပ်စု၊ ပြည်လုံးကျော် ကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု ၇ အုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ ပြိုလဲပျက်စီးခြင်း၊ စာသင်ကျောင်းများနှင့် သာသနိက အဆောက်အအုံများ အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)

