ပင်းတယ  ၂  ဇူလိုင်   

 

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရပ်ကွက်၊ ကျေးရွာများ၌ စိုက်ပျိုးထားသည့် နဂါးမောက်ခြံများမှ  နဂါးမောက်သီးများ ရင့်မည့်ပြီဖြစ်သဖြင့် ဇွန်လနောက်ဆုံးပတ်မှ စတင်၍ ခူးဆွတ်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ပင်းတယမြို့နယ်တွင် နဂါးမောက်သီးများကို အဖြူသီး၊ အနီသီး နှစ်မျိုးစိုက်ပျိုးကြရာ နဂါးမောက်သီးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ခြံပိုင်ရှင်ဖြစ်သူက “ကျမတို့က နဂါးမောက်သီးကို အဖြူသီး၊ အနီသီး နှစ်မျိုးစလုံးစိုက်ပျိုးထားပါတယ် အနီသီးကတော့ဈေးနှုန်းပိုပေမဲ့ အနည်းငယ် သာ စိုက်ပျိုးထားပါတယ် အဖြူသီးကို ယခင်နှစ်ကတော့ ၄၅၀ဝိ/- ရောင်းချပေမဲ့ ယခုနှစ်မှာတော့ COVID-19 ရောဂါဖြစ်နေတာကြောင့် ဈေးနှုန်းအများမတင်ပဲ အဖြူသီးတစ်ပိသာ ၃၀၀ဝိ/- ကျပ် နှင့် အနီသီးကတော့ ၄၀၀ဝိ/-ကျပ်နှင့် ရောင်းချပေးပါတယ်” ဟု ပြောကြားခဲ့သည်။ ယခုအခါ ပင်းတယမြို့နယ်တွင် နဂါးမောက်သီးများကို အများအပြားစိုက်ပျိုးကြပြီး အချို့ခြံများ၌ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်တင်ပို့ရောင်းချသူများအသင်းမှ အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ်ရ အရည်အသွေးမြင့်နဂါးမောက်သီးများအဖြစ် 1 Kg လျှင် ၁၅၀ဝ ကျပ်နှုန်းဖြင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချပေးလျက်ရှိပြီး မြို့နယ်အနီး ပတ်ဝန်းကျင်မှလည်း နဂါးမောက်ခြံသို့ လာရောက်၍ ဝယ်ယူစားသုံးကြကြောင်းလည်း သိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)