ပင်းတယ  ၁၃   ဩဂုတ်    

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ COVID-19 ရောဂါကြိုတင် ကာကွယ်ရေး Facility Quarantine Centre ရှိ နေရပ်ပြန်ပြည်သူများထဲမှ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်နှင့် သက်ကြီးဘိုးဘွားများအား ယမန်နေ့ မွန်းလွွဲ ၂ နာရီက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၈ ဦး၊ ငါးနှစ်အောက် ကလေးငယ် တစ်ဦး၊ အသက် ၆၀ နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦး တို့ကို COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စစ်ဆေးပြီး ပင်းတယမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုထားဝေနှင့် ဝန်ထမ်းများတို့က တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝ နှုန်းဖြင့် စုစုပေါင်း ၁၀ ဦးအတွက် ငွေကျပ် ၃၀၀၀၀ဝ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသည့် လူဦးရေ ၅၀၀  ကျော်ပြီဖြစ်ကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)