ပင်းတယ  နိုဝင်ဘာ  ၁၀

စပါးစိုက်ပျိုးသည့်တောင်သူများအား မိမိတို့   စိုက်ပျိုးထားသည့်  စပါးများ အထွက်နှုန်း   ကောင်းစေရန် နှင့် မျိုးကောင်းမျိုးသန့်များ ရရှိစေရန်ရည်ရွယ်၍  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းတောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင် ရန်အတွက် ခေါင်နှံယူခြင်းလုပ်ငန်းကို နိုဝင်ဘာ ၉ ရက်က  တောင်ရှည်ကျေးရွာအုပ်စု   ကံသာကျေးရွာ ကွင်း၌ တောင်သူများအား နည်းပညာပေးခြင်း လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်အတွင်း၌ စိုက်ပျိုးလျက်ရှိသော  ယာ စပါးမျိုးကွဲများဖြစ်သည့် ကုန်းမြင့် (၂)၊ မြီးရှည် လုံးပု ၊ မြေစိမ်း စသည့် မျိုးကွဲများအားလည်းကောင်း၊ လယ် စပါး  မျိုးကွဲများဖြစ်သည့် ရွှေရင်အေး၊ ရွှေအပ်  မျိုးကွဲများအားလည်းကောင်း ခေါင်နှံများယူသော နည်းပညာများအား ဆက်လက်ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုးထွေး