ပင်းတယ နိုဝင်ဘာ ၁၀
စပါးစိုက်ပျိုးသည့်တောင်သူများအား မိမိတို့ စိုက်ပျိုးထားသည့် စပါးများ အထွက်နှုန်း ကောင်းစေရန် နှင့် မျိုးကောင်းမျိုးသန့်များ ရရှိစေရန်ရည်ရွယ်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းတောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင် ရန်အတွက် ခေါင်နှံယူခြင်းလုပ်ငန်းကို နိုဝင်ဘာ ၉ ရက်က တောင်ရှည်ကျေးရွာအုပ်စု ကံသာကျေးရွာ ကွင်း၌ တောင်သူများအား နည်းပညာပေးခြင်း လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်း၌ စိုက်ပျိုးလျက်ရှိသော ယာ စပါးမျိုးကွဲများဖြစ်သည့် ကုန်းမြင့် (၂)၊ မြီးရှည် လုံးပု ၊ မြေစိမ်း စသည့် မျိုးကွဲများအားလည်းကောင်း၊ လယ် စပါး မျိုးကွဲများဖြစ်သည့် ရွှေရင်အေး၊ ရွှေအပ် မျိုးကွဲများအားလည်းကောင်း ခေါင်နှံများယူသော နည်းပညာများအား ဆက်လက်ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးထွေး


